About Backpackers Myanmar
Explore Nature - Build Stronger
"BPM ဟာ ရိုးရိုးခရီးသွားလုပ်ငန်းတစ်ခု မဟုတ်ပါဘူး။" ကျွန်ုပ်တို့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ ခရီးသွားချစ်သူတွေနဲ့ Social Entrepreneur တွေ စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ခရီးသွားခြင်းဟာ ဖျော်ဖြေမှုသက်သက်မဟုတ်ဘဲ သဘာဝတရား (Environment) ကို ပိုမိုချစ်မြတ်နိုးလာဖို့၊ ဒေသခံတို့ရဲ့ ယဉ်ကျေးမှု (Culture) ကို နားလည်ဖို့နဲ့ သမိုင်းကြောင်း (History) အနှစ်သာရတွေကို တန်ဖိုးထားတတ်ဖို့ ဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ "Explore Nature, Build Stronger!" ဆိုတဲ့အတိုင်း ခရီးစဉ်တိုင်းက ပါဝင်သူတိုင်းကို ပိုမိုကြံ့ခိုင်စေဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကိုလည်း ပိုမိုကောင်းမွန်လာစေမှာပါ။